November 25, 2019

​ဆော့ကစားနေရင်းပျောက်သွားတဲ့ ၆ နှစ်သမီးလေး ရဲ့အလောင်းကို အဝတ်အစားမပါဘဲ ပြန်တွေ့

(မိမိ၏သားသမီးများကိုအထူးဂရုစိုက်ကြပါဗျာ)
ဖောင်းပြင်မြို့နယ်၊ မန်သဲအုပ်စု၊ ကုန်းကြီးရွာမှ ဦးထွန်းဝေ + ဒေါ်လှသန်းရီ တို့၏သမီး မကြယ်ဇင်မိုး(၆)နှစ်သည် (18-11-2019)ရက်နေ့ ညနေအချိန်တွင် ပျောက်ဆုံးသွားခဲ့ပါသည်။ဆော့ကစားနေရာမှ အိမ်ပြန်ရောက်မလာတာကို ည(၇)နာရီခန့်ရောက်မှ ပျောက်ဆုံးနေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။


ပျောက်ဆုံးနေသူ မကြယ်ဇင်မိုး(၆)နှစ် ရုပ်အလောင်း(အဝတ်အစား မပါ၊ ပါးစပ်ကို အဝတ်စည်းထား)ကို ယနေ့ (24-11-2019)ရက်နေ့၊ နေ့(၁၁:၀၀)နာရီအချိန်ခန့်တွင် ရွာအနီး ကိုင်းတောထဲ၌ တွေ့ရှိကြပါသည်။
ကွယ်လွန်သူ ရုပ်အလောင်းအား အခင်းဖြစ်ရာနေရာသို့ သွားရောက်သယ်ယူပြီး ဖောင်းပြင်ဆေးရုံ ရင်ခွဲရုံသို့ ညနေ(၃:၁၅)နာရီအရောက် ပို့ပေးခဲ့ပါသည်။လိုက်ပါကူညီပေးကြပါသော “သဟာရလူငယ် နာရေးကူညီမှုအသင်း”မှ အသင်းသားများအား ကျေးဇူးအထူးတင်ရှိပါသည်။

Source_ပရဟိတအသင်း ဖောင်းပြင်

No comments:

Post a Comment