November 24, 2019

ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စ အလုပ်ရှင်နှင့်မသက်ဆိုင်ဟုဆို

---- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ----

ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စသည် အလုပ်ရှင်နှင့် မသက်ဆိုင်ဘဲ အလုပ်သမားအချင်းချင်း မသင့်မြတ်သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းအချို့တွင် အလုပ်သမားများအား မတရားခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်မှု ၊ သေဆုံးမှု အစရှိသည့်ပြဿနာများနှင့်မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း အကုန်သိသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ အလုပ်ရှင်တွေက လူတွေကိုမတရားခိုင်းပြီး ကျားဖောင်လုပ်ငန်းကိုသွားလုပ်နေတာမရှိဘူး။ သူတို့လည်း ကျားဖောင်လုပ်ငန်း စီးပွားဖြစ်ချင်တယ်။ သူတို့ပဲလုပ်လို့မရလို့ အလုပ်သမားငှားလုပ်တယ်။ အလုပ်သမားရှားတော့ ကြုံတယ့်လူငှားတယ်။ အလုပ်ဖောင်မှာ ဖြစ်တဲ့ကိစ္စက အလုပ်ရှင်နဲ့ မပတ်သက်ဘူး။ အလုပ်ရှင်က ပိုက်ဆံထုတ်တာ။ အလုပ်ရှင်က အမြဲတမ်းခံရတဲ့ဘက်ကချည်းပဲ။ အလုပ်ရှင်ကလည်း ဖောင်ပေါ်မှာ သွားနေတာမဟုတ်ဘူး။ ဖောင်ပေါ်မှာသွားနေတာက အလုပ်သမားတွေချည်းပဲ။ အလုပ်သမားတွေ သူတို့အချင်းချင်းမသင့်မြတ်လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးအား လူကုန်ကူးကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကဗျက်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့ရာ လက်ရှိတွင် အဆိုပါကျောင်းသားမှာ ပြန်လည်လွတ်မြောက်လာပြီး လူကုန်တားရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ကျောင်းသားလူကုန်ကူးခံရခြင်းနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သို့ ဆက်သွယ်မေးမြန်းရာ ပထမတစ်ကြိမ်တွင် မအားသေးဟုဆိုကာဖုန်းချသွားပြီး ဒုတိယအကြိမ်တွင် ဖုန်းစက်ပိတ်သွားခဲ့သည်။

<<< Unicode Version >>>

No comments:

Post a Comment