November 25, 2019

ဦးဆောင် ဂိုး သွင်းယူနိုင်ခဲ့သော်လည်း သရေ ရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသော 2019 ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ 22အသင်း

ဆီးဂိမ်း Group A ပထဆုံး ပွဲစဥ် ဖြစ်သည့် မြန်မာယူ 22 လက်ရွေးစင် အသင်းနှင့် မလေးရှား ယူ 22 အသင်းတို့ ယှဥ်ပြိုင်ခဲ့ရာတွင်

မြန်မာ အသင်း မှ ကျော်စိုးမိုး ၏ ဦးဆောင်ဦး ဖြင့် ပထမ ပိုင်း 12 မိနစ်အချိန်တွင် အနိုင် 3မှတ် ရရှိရန် နီးစပ်ခဲ့ သော်လည်း မြန်မာ နောက်တန်း အမှားမှ တဆင့် ပွဲချိန် 23 မိနစ် တွင် မလေးရှား အသင်းမှ ချေပဂိုး ပြန်လည်ရရှိခဲ့ပါသည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် နှစ်ဘက်အသင်း မှ အခွင့်အရေးကောင်း များ အပြန်အလှန် ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ပွဲအပီး တွင် ရလဒ် 1-1 သရေ ဖြင့်သာ ပြီးဆုံးခဲ့ရသည်။

အုပ်စု Group A အတွင်း ဒေသတွင်း ပြိုင်ဖက် အိမ်ရှင် ဖိလစ်ပိုင် ၊ အရှေ့ တီမော ၊ ကမ္ဘောဒီးယား အသင်း များ နှင့် အတူကျရောက်နေသော မြန်မာ အသင်းသည် အကြို ဗိုလ်လုပွဲ ရောက်ရှိနိုင်ရန် အလားလာ ကောင်းများရရှိနေပြီး ထိပ်ဆုံး နှစ်သင်းထဲ ပါဝင်နိုင်ရန် ရေပန်းစားလျှက်ရှိသည်။

PHILIPPINES 2019 30th SEA GAMES (FOOTBALL)
........................................................................................
FULL TIME
Malaysia U22  (1-1)   Myanmar U22

#Myanmar-U22 #seagame2019 #GroupA #BurmaFreedom

​ဆော့ကစားနေရင်းပျောက်သွားတဲ့ ၆ နှစ်သမီးလေး ရဲ့အလောင်းကို အဝတ်အစားမပါဘဲ ပြန်တွေ့

(မိမိ၏သားသမီးများကိုအထူးဂရုစိုက်ကြပါဗျာ)
ဖောင်းပြင်မြို့နယ်၊ မန်သဲအုပ်စု၊ ကုန်းကြီးရွာမှ ဦးထွန်းဝေ + ဒေါ်လှသန်းရီ တို့၏သမီး မကြယ်ဇင်မိုး(၆)နှစ်သည် (18-11-2019)ရက်နေ့ ညနေအချိန်တွင် ပျောက်ဆုံးသွားခဲ့ပါသည်။ဆော့ကစားနေရာမှ အိမ်ပြန်ရောက်မလာတာကို ည(၇)နာရီခန့်ရောက်မှ ပျောက်ဆုံးနေကြောင်း သိရှိရတယ်လို့ဆိုပါတယ်။

ပျောက်ဆုံးနေသူ မကြယ်ဇင်မိုး(၆)နှစ် ရုပ်အလောင်း(အဝတ်အစား မပါ၊ ပါးစပ်ကို အဝတ်စည်းထား)ကို ယနေ့ (24-11-2019)ရက်နေ့၊ နေ့(၁၁:၀၀)နာရီအချိန်ခန့်တွင် ရွာအနီး ကိုင်းတောထဲ၌ တွေ့ရှိကြပါသည်။
ကွယ်လွန်သူ ရုပ်အလောင်းအား အခင်းဖြစ်ရာနေရာသို့ သွားရောက်သယ်ယူပြီး ဖောင်းပြင်ဆေးရုံ ရင်ခွဲရုံသို့ ညနေ(၃:၁၅)နာရီအရောက် ပို့ပေးခဲ့ပါသည်။လိုက်ပါကူညီပေးကြပါသော “သဟာရလူငယ် နာရေးကူညီမှုအသင်း”မှ အသင်းသားများအား ကျေးဇူးအထူးတင်ရှိပါသည်။

Source_ပရဟိတအသင်း ဖောင်းပြင်

မြန်မာယူ- ၂၂ နှင့် မလေးရှား ယူ- ၂၂ အသင်းပွဲစဉ် Channel 7 နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV တို့မှ တိုက်ရိုက်ထုတ်လွင့်မည်။

မြန်မာယူ-၂၂ အသင်းသည် Rizal Memorial Stadium တွင် ယနေ့ (နိုဝင်ဘာ ၂၄ ရက်) ညနေပိုင်းက official training ပြုလုပ်ခဲ့သည်။ မြန်မာယူ-၂၂ အသင်းအနေဖြင့် ၂၀၁၉ ခုနှစ်၊ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြို်ငပွဲ (ဆီးဂိမ်းစ်) အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) အဖွင့်ပွဲအဖြစ် နိုဝင်ဘာ ၂၅ ရက်၊ ဒေသစံတော်ချိန် ညနေ ၄:၀၀ နာရီ (မြန်မာစံတော်ချိန် မွန်းလွဲ ၂:၃၀ နာရီ) တွင် Rizal Memorial Stadium ကွင်း၌ မလေးရှားအသင်းနှင့် ကစားရမည်ဖြစ်ပြီး Channel 7 နှင့် မြန်မာ့ရုပ်မြင်သံကြား MRTV တို့မှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်သည်။

source from MFF

November 24, 2019

ထီပေါက်ချင်သူများအတွက် ဓမ္မမိတ်ဆွေ တစ်ဦးကိုယ်တွေ့ထီအကြိမ် ၃၀၀ကျော် ပေါက်စေသော ပုတီးစိပ်နည်း

ထီပေါက်ချင်သူများအတွက် ဓမ္မမိတ်ဆွေ တစ်ဦးကိုယ်တွေ့ ထီအကြိမ် ၃၀၀ကျော် ပေါက်စေသော ပုတီးစိပ်နည်းလေးကို ဝေမျှလိုက်ပါတယ် ။

ယက္ကန်းစင်တောင်ဆရာတော် ပဋ္ဌာန်းဆက်ဖြစ်တဲ့ ဓမ္မမိတ်ဆွေကြီး UphyoMyint ကို ယက္ကန်းစင်တောင် ဆရာတော်ကြီး ကိုယ်တိုင်ပေးထားတဲ့ ပုတီးစိပ်နည်းပါ..အများမြင်တွေ့နေကြ ဆရာတော်ပုတီးစိပ်နည်းထက် သုံးကြောင်းပိုပါတယ်။
ဦးဖြိုးမြင့် ဂါထာ ပေါင်းစုံကို တနေ့ နှစ်နာရီကျော် ပုတီးစိပ်တာ ဈေးရောင်းမကောင်းဘဲ ယက္ကန်းစင်တောင်ဆရာတော်က ဒီဂါထာ ပေးလို့ ရွတ်တာနဲ့ သိသိသာသာဈေးရောင်းကောင်းပြီး အစစအရာရာအဆင်ပြေလာပါတယ်။
ဂါထာတန်ခိုးနဲ့ ထီတွေ ဆုကြီးဆုငယ် အကြိမ် ၃၀၀ကျော်ပေါက်ပါတယ် ဂါထာ အစအဆုံးရွတ်ပြီး ပုတီးတစ်လုံးချ တနေ့ တပတ်စိပ်ရမှာပါ မစိပ်နိုင်ရင် မနက် ၉နာရီ ည၉နာရီ အချိန်တွေမှာ အနည်းဆုံး ၉ခေါက်ရွတ်ပါ။
ဘေးရန်ကင်းကွာ လာဘ်ရွှင်ကာ အစစအရာရာအောင်မြင်ပြီးပေါက် သိဒ္ဓိ ပေါက်စေနိုင်ပါတယ် ယက္ကန်းစင်တောင်ဆရာတော်ဦးသြဘာသ၏လောကီလောကုတ်နှစ်ဖြာသောအကျိုးကိုဖြစ်စေသောပုတီးစိပ် ဂါထာ။
သိဒ္ဓိဘဂဝါအရဟံ ဗုဒ္ဓေါမေ သတ္တပါကာရံ ဗုဒ္ဓံသရဏံဂစ္ဆာမိ။
သိဒ္ဓိဘဂဝါအရဟံ ဓမ္မောမေ သတ္တပါကာရံ ဓမ္မံသရဏံဂစ္ဆာမိ။
သိဒ္ဓိဘဂဝါအရဟံ သံဃောမေ သတ္တပါကာရံ သံံဃံသရဏံဂစ္ဆာမိ။
ဗုဒၶံသရဏံဂစၧာမိ ဓမၼသရဏံဂစၧာမိ သံဃံသရဏံဂစၧာမိ

တစ်ရက်လျင်ပုတီးကိုးပါတ် ကိုးရက် အဓိဋ္ဌာမ်ဝင်၍ အချိန်မှန်မှန် စိတ်ပေပါက အကျိုးပေးသန်၍ အကျိုးပေး ပိုမိုမြန်ဆန် စေပါသည်။

Unicode ဖြင့်ဖတ်ပါ

ဗုဒ္ဓံသရဏံဂစ္ဆာမိ ဓမ္မသရဏံဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ
တစ်ရက်လျင်ပုတီးကိုးပါတ် ကိုးရက် အဓိဋ္ဌာမ်ဝင်၍ အချိန်မှန်မှန် စိတ်ပေပါက အကျိုးပေးသန်၍ အကျိုးပေး ပိုမိုမြန်ဆန် စေပါသည်။

တကယ်လို့ သူသာ ပထမဆုံး ပုလင်းကို နားထားတယ်ဆိုပြီးမသောက်ခဲ့ရင်... :O :O

မြန်မာ တစ်ပုလင်း မဲပေါက်တာကို နောက်နေ့မှ ထပ်သောက်ပါမယ်ဆိုပြီး ဆိုင်က ထပြန်သွားခဲ့ရင်...
တတိယမြောက်ပုလင်းကရတဲ့ ဆုငွေ ၅၀၀နဲ့ပဲ ယူမယ်ဆိုရင်
လေးပုလင်းမြောက်မှာ မသောက်တော့ဘူးဆိုရင်
ခုလို ဆုထူးကြီးနဲ့ ဝေးခဲ့မှာပါ။
သူသာ ဆက်လက်ပြီး ထပ်သောက်ခဲ့ရင် ဆယ် ပုလင်းမြောက်ဟာ နောက်ထပ် သိန်း 500ဆုကြီး ဖြစ်နေတယ်ဆိုရင် သူ့အတွက် ဘယ်လောက်ရင်နာဖို့ကောင်းမလဲ။
လူငယ်တွေအနေနဲ့ ဘယ်အလုပ်ကို စွဲစွဲမြဲမြဲလုပ်ရင် အောင်မြင်မှာ ဖြစ်သလို
အောင်မြင်ပြီးရပ်နေမယ်ဆိုရင်လည်း ပိုကောင်းတဲ့ အောင်မြင်မှုကို ဝေးကွာစေတယ်ဆိုတာ သတိထားမိအောင် ဒီစာလေးကို ပြန်မျှဝေ လိုက်ပါတယ်။
Moral
အောင်မြင်မှုလမ်းစဉ်အတွက် စွဲစွဲမြဲမြုလုပ်ဖို့လိုသလို အောင်မြင်မှုကို ထိန်းထားဖို့လည်း စဉ်ဆက်မပြတ် လုပ်ဆောင်နေဖို့လိုပါတယ်။

Source from Chit Kaung Htike

#စနေနေ့မော်ဒီဗေးရှင်း
#မော်ဒီဗေးရှင်းတစ်ရာ့တစ်
Moe

ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စ အလုပ်ရှင်နှင့်မသက်ဆိုင်ဟုဆို

---- စုသက်နှင်း ( အကုန်သိ သတင်းဌာန ) ----

ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စသည် အလုပ်ရှင်နှင့် မသက်ဆိုင်ဘဲ အလုပ်သမားအချင်းချင်း မသင့်မြတ်သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းအချို့တွင် အလုပ်သမားများအား မတရားခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်မှု ၊ သေဆုံးမှု အစရှိသည့်ပြဿနာများနှင့်မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း အကုန်သိသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“ အလုပ်ရှင်တွေက လူတွေကိုမတရားခိုင်းပြီး ကျားဖောင်လုပ်ငန်းကိုသွားလုပ်နေတာမရှိဘူး။ သူတို့လည်း ကျားဖောင်လုပ်ငန်း စီးပွားဖြစ်ချင်တယ်။ သူတို့ပဲလုပ်လို့မရလို့ အလုပ်သမားငှားလုပ်တယ်။ အလုပ်သမားရှားတော့ ကြုံတယ့်လူငှားတယ်။ အလုပ်ဖောင်မှာ ဖြစ်တဲ့ကိစ္စက အလုပ်ရှင်နဲ့ မပတ်သက်ဘူး။ အလုပ်ရှင်က ပိုက်ဆံထုတ်တာ။ အလုပ်ရှင်က အမြဲတမ်းခံရတဲ့ဘက်ကချည်းပဲ။ အလုပ်ရှင်ကလည်း ဖောင်ပေါ်မှာ သွားနေတာမဟုတ်ဘူး။ ဖောင်ပေါ်မှာသွားနေတာက အလုပ်သမားတွေချည်းပဲ။ အလုပ်သမားတွေ သူတို့အချင်းချင်းမသင့်မြတ်လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
တက္ကသိုလ်ကျောင်းသားတစ်ဦးအား လူကုန်ကူးကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကဗျက်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့ရာ လက်ရှိတွင် အဆိုပါကျောင်းသားမှာ ပြန်လည်လွတ်မြောက်လာပြီး လူကုန်တားရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတက္ကသိုလ်ကျောင်းသားလူကုန်ကူးခံရခြင်းနှင့်ပတ်သက်၍ အကုန်သိသတင်းဌာနမှ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်သို့ ဆက်သွယ်မေးမြန်းရာ ပထမတစ်ကြိမ်တွင် မအားသေးဟုဆိုကာဖုန်းချသွားပြီး ဒုတိယအကြိမ်တွင် ဖုန်းစက်ပိတ်သွားခဲ့သည်။

<<< Unicode Version >>>

မယားငယ်ခိုးရန် မယားကြီးက အထုတ်လိုက်ထမ်းပေးမှု့ ကသာတွင်ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရပ်ကွက် ၉ ကန့်ကော်တန်းမှာနေတဲ့ သန်းဝင်း၂၆ နှစ်ဆိုသူူက ဗန်းမောက်မြို့မှာနေတဲ့ မ———-၂ဝနှစ်ကို သူ၏မယားကြီးနဲ့အတူ သွားရောက်ခိုးယူခဲ့တဲ့ဖြစ်စဉ် ဖြစိခဲ့ပါတယ် …. ။ ကလေးမကိုခိုးယူပေါင်းသင်းလို့ ပြန်ခွဲခဲ့တာ ၃ကြိမ်ရှိပြီလို့ သိရပါတယ် …. ။

သန်းဝင်းမှာမယားကြီးနဲ့ကလေး၄ယောက် ရှိပြီး အလုပ်အကိုင်က ပန်းရံဆရာလို့သိရပါတယ်။မယားငယ်သွားခိုးတာ မယား ကြီးကပါလို က်ပါကူညီခဲ့တဲ့ ထူးဆန်းဖြစ်ရပ်ပါပဲ …. ။